ဝန်ထမ်းများလိုက်နာရမည့် စည်းကမ်းများအား လိုက်နာစေရေးအသိပေးသွားရန်ကိစ္စ
၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ဝန်ထမ်းများလိုက်နာရမည့်စည်းကမ်းချက်များအား အလုပ် ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်နောက်ဆက်တွဲတွင်ဖော်ပြ၍ သိရှိလိုက်နာသွားရန် ဝန်ထမ်းအားလုံးအား အသိပေးထားပြီးဖြစ်ပါသည်။ သို့သော်လည်း တစ်ချို့သောဝန်ထမ်းများအနေဖြင့် ချမှတ်ထားသောစည်းကမ်းများ လိုက်နာရန်ပျက်ကွက်လျက်ရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ကုမ္ပဏီမှဝန်ထမ်းများအားလုံး အောက်ဖော်ပြပါ စည်းကမ်းချက်များ လိုက်နာဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာဌာနတာဝန်ရှိသူများမှ အထူး ကြပ်မတ်ညွှန်ကြားသွားရန် အကြောင်းကြားအပ်ပါသည်။
(က) ကုမ္ပဏီမှပေးအပ်ထားသည့် လုပ်ငန်းတာဝန်ကိုအလွဲသုံး၍ မည်သူတစ်ဦးတစ်ယောက်ထံမှဖြစ်စေ (သို့မဟုတ်) ကုမ္ပဏီ၏ တွဲဖက်အဖွဲ့အစည်းများထံမှဖြစ်စေ၊လက်ဆောင်၊ အခွင့်အရေး (သို့မဟုတ်) အဖိုးစားနား တစ်စုံတစ်ရာကို ငွေကြေးဖြင့်ဖြစ်စေ (သို့မဟုတ်) အခြားတစ်နည်းနည်းဖြင့်ဖြစ်စေ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ တောင်းခံခြင်း၊ လက်ခံရယူခြင်း လုံးဝမပြုလုပ်ရန်။
(ခ) ခိုးမှုကျူးလွန်ခြင်း၊ ခိုးရာပါပစ္စည်းလက်ခံထားခြင်း၊ ခိုးမှုကျူးလွန်ရာတွင် အားပေးကူညီခြင်း လုံးဝမပြုလုပ်ရန်။
(ဂ) အလုပ်ချိန်အတွင်း မူးယစ်စေတတ်သော အရက်သေစာနှင့်ဆေးဝါးများ သုံးစွဲခြင်း၊ ရောင်းဝယ်ခြင်း၊ လက်ဝယ်ထားရှိခြင်း နှင့် လောင်းကစားပြုလုပ်ခြင်းများ လုံးဝမပြုလုပ်ရန်။
(ဃ) တာဝန်ချိန်နှင့် တာဝန်ချိန်ပြင်ပ၌ ကုမ္ပဏီဝတ်စုံကိုဝတ်ဆင်၍ မူးယစ်ရမ်းကားခြင်း၊ ရာဇဝတ် မှုမကင်းသော ပြုလုပ်မှုတစ်ခုခုပြုလုပ်ခြင်း၊ ဆိုရှယ်မီဒီယာများမှတဆင့် ကုမ္ပဏီ၏ဂုဏ်သိက္ခာကျ ဆင်းစေသည့် အပြုအမူကို ပြုလုပ်ခြင်းများ မပြုလုပ်ရန်။
(င) လုပ်ငန်းခွင်တွင် ပြဿနာတစ်စုံတစ်ရာရှိပါက သက်ဆိုင်ရာဌာနတာဝန်ရှိသူ အဆင့်ဆင့်အား တင်ပြရမည်ဖြစ်ပြီး၊ လုပ်ငန်းခွင်အတွင်း ခိုက်ရန်ဖြစ်ပွားခြင်း၊ ရိုင်းပျစွာ ဆက်ဆံပြောဆိုခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်စေခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းများ မပြုလုပ်ရန်။
၂။ အထက်ဖော်ပြပါ စည်းကမ်းများကိုလိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်းစိစစ်တွေ့ရှိပါက အလုပ်မှ ရပ်စဲသည်အထိ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ဝန်ထမ်းများသိရှိလိုက်နာစေရေး အဆင့်ဆင့်အသိပေး ညွှန်ကြားသွားရန် အကြောင်းကြားအပ်ပါသည်။